Home » News » မန္တလေးပညာရေးကောလိပ် ပထမအကြိမ် သင်္ကြန်အကြိုပွဲတော်ကျင်းပ

မန္တလေးပညာရေးကောလိပ် ပထမအကြိမ် သင်္ကြန်အကြိုပွဲတော်ကျင်းပ

မန္တလေးပညာရေးကောလိပ် ပထမအကြိမ် သင်္ကြန်အကြိုပွဲတော်ကျင်းပ

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ရှိ မန္တလေးပညာရေးကောလိပ်၏ ပထမအကြိမ် သင်္ကြန်အကြိုပွဲတော်ကို မတ်လ၂၆ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ကျင်းပခဲ့သည်။ ​ရှေးဦးစွာ ကျောင်းအုပ်ကြီး ဦးဗိုလ်မြင့်က သင်္ကြန်အကြိုပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။ ကျောင်းသား ကျောင်းသူများက သင်္ကြန်တေးသီချင်း အက၊အလှများများနှင့်အတူ ပျော်ရွှင်စွာရေပက် ကစားကြပြီး မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများကို စတုဒိသာကျွေးမွေးခဲ့ကြသည်။  

အဆိုပါသင်္ကြန်ပွဲတော်ကို ဆရာ၊ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ ပိုမိုချစ်ခင်စည်းလုံးမှုရစေရန်၊ ပူးပေါင်းဆောင်ရွက်မှု အလေ့အကျင့်ကောင်းများရစေရန်၊ မန္တလေးပညာရေးကောလိပ် ပညာရေးမိသားစုများ တစ်နှစ်တာပညာသင်နှစ်အတွင်း များပြားလှသည့် ဘာသာရပ်များကို နံနက်၆နာရီမှ ည၉နာရီအထိကျောင်းအချိန်ဇယား အတိုင်း ပို့ချသင်ကြားလေ့လာသင်ယူခဲ့ရသည့်အတွက် ခဏတာစိတ်အပန်းပြေ ပျော်ရွှင်မှုရရှိပြီး မိမိတို့ကျရာ တာဝန်များကို စိတ်ဓါတ်ခွန်အား အသစ်များဖြင့် ထိမ်းဆောင်နိုင်ကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

Thingyan gif



Back