Home » News » မန္တလေး ပညာရေးကောလိပ်၏ လစဉ် ပုံမှန် အစည်းအဝေးကျင်းပခြင်း

မန္တလေး ပညာရေးကောလိပ်၏ လစဉ် ပုံမှန် အစည်းအဝေးကျင်းပခြင်း

မန္တလေး ပညာရေးကောလိပ်၏ လစဉ် ပုံမှန် အစည်းအဝေးကျင်းပခြင်း

 

မန္တလေး ပညာရေးကောလိပ်တွင် လစဉ် ပုံမှန် အစည်းအဝေးများ ကျင်းပလျက်ရှိရာ မေလအတွက် လစဉ် အစည်းအဝေးပွဲကို မေလ (၂၈) ရက် မွန်းလွဲ (၁၂) နာရီတွင် ကျင်းပခဲ့သည်။ ထို အစည်းအဝေးပွဲတွင် မန္တလေးပညာရေးကောလိပ် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်နှင့် ဌာနမှူများ၊ သင်ကြားရေး ဆရာ၊ ဆရာမများ၊ ရုံးဝန်ထမ်းများ၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။ထို့အပြင် ဆရာများ သမဂ္ဂမှ ကိုယ်စားလှယ်များ ကျောင်းသားများ သမဂ္ဂမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးကြသည်။
မန္တလေးပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဦးဗိုလ်မြင့်မှ လိုအပ်သည်များကို မှာကြားပြီး မန္တလေးပညာရေးကောလိပ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးစေရန် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးကြရာ တက်ရောက်သူများမှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။



Back