Home » News » မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မန္တလေး ပညာရေးကောလိပ်၏ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲကို ဇူလိုင်လ ၇ ရက် ၂၀၁၈ တွင် မန္တလေး ပညာရေးကောလိပ် ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ မန္တလေး ပညာရေးကောလိပ် ကျောင်းအုပ်ကြီးမှ အဖွင့် အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများမှ မူးယစ်အန္တရာယ် သီချင်းဖြင့် သီဆိုပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ် စကားဝိုင်းဆွေးနွေးပွဲ ကို နည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများမှ ဆွေးနွေးခဲ့ပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါအခမ်းအနားကို မန္တလေး ပညာရေးကောလိပ် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ပါသည်။

output_XXqcmI_2



Back